Saturday, January 25, 2014

အင်တာနက်မှ ဖရီးဆော့ဝဲများကို ဒေါင်းလုပ်ယူနည်း ဗီဒီယို (How to download free softwares?)


ကွန်ပြူတာကို စပြီးအသုံပြုခါစသူ အတော်များများ ဖရီးဆော့ဝဲတွေကို လိုချင်ပေမဲ့ မရှာတတ်လို့
ဘယ်လိုဒေါင်းလုပ်ယူရမလဲ၊ဆိုဒ်လေးညွှန်ပေးပါ..ဆိုပြီး မကြာခဏ အကုအညီ တောင်ကြလို့ ကုညီ
ပေးခဲ့ရပါတယ်။
တကယ်တော့ အင်တာနက်က အလွန်တရာ ကျယ်ပြန့်တဲ့အတွက် ကိုယ်လိုချင်တဲ့အရာ၊ကိုယ်သိချင်
တဲ့အကြောင်းအရာကို ရှာတတ်ရင် အားလုံးရပါတယ်။သိပ်ခက်ခဲတဲ့ IT မေးခွန်းတွေအတွက်လဲ..
အင်တာနက်မှာအဖြေတွေ၇ှိပြီးသားပါ။အဓိက က လိုချင်တာကို Search Box မှာမှန်ကန်စွာရိုက်ပြီး
ရှာတတ်ဘို့ပါ။

ဥပမာ...Free Video Converter တခုလိုချင်တယ်ဆိုပါစို့။
Search Box မှာ "download free video converter" လို့ရိုက်ပြီး Enter နှိပ်လိုက်ပါ။
Free Video Converter ကို ဒေါင်းလုပ်ယူလို့ရမဲ့ Websites အားလုံးတက်လာပါမယ်။
အဲဒီထဲက မိမိကြိုက်ရာ(ရွေးတတ်ဘို့တော့လိုပါတယ်) ဆိုဒ်တခုကိုဝင်ပြီး ဒေါင်းလုပ်ယူပါ။
ဒေါင်းလုပ်လင့်ကို ကလစ်တာနဲ့ ဒေါင်းလုပ်ဘောက် တန်းမကျလာဘဲ Ad ဆိုဒ်တွေတခုပြီးတခု
ကလစ်နေရတဲ့ ဆိုဒ်မျိုးဆို ရှောင်ပါ။
Download ကို ကလစ်တာနဲ့ ဒေါင်းလုပ်ဘောက်တန်ကျလာတဲ့ ဆိုဒ်မျိုးက ဒေါင်းယူပါ။ကွန်ပြူတာ
ကို စပြီး သုံးခါစသူများ အတွက် အန္တရာယ် ကင်းစေပါတယ်။
အကောင်းဆုံး Free Softwares ဆိုဒ် ၂-ခုကဒေါင်းလုပ်ယူပုံကို ဗီဒီယိုကလစ်လေးနဲ့ ပြပေးထားပါ
တယ်။အသုံးပြုခါစသူများ အတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
အားလုံးပျော်ရွှင်စွာဖြင့် IT ပညာကိုလေ့လာနိုင်ကြပါစေ...။
David Aung (အလင်းသစ်နံနက်ခင်း)

0 comments:

Post a Comment