Tuesday, February 10, 2015

"COM Surrogate has stopped working" Error(Windows 64-bit) ကိုဖြေရှင်းနည်း (အလင်းသစ်နံနက်ခင်း)


CBox ကနေ အကူအညီတောင်းထားတဲ့ ညီ Zaw Min Oo အတွက် သူ့စက်မှာ
ဖြစ်နေတဲ့(COM Surrogate has stopped working) Error ဖြေရှင်းနည်းကို
ဘယ်လိုရှင်းနိုင်တယ်ဆိုတာတင်ပေးလိုက်ပါတယ်။CBox ကနေပြန်ဖြေရရင်
လဲ အရမ်းရှည်နေလို့ Post တခုအဖြစ်တင်ပေးလိုက်တာပါ။ဒီ Error တက်ရင်
Image Files အားလုံးဖွင့်လို့ကြည့်လို့မရတော့ပါ။


COM Surrogate has stopped working Error က များသေားအားဖြင့်
Windows 7 64-bit တွေမှာဖြစ်တတ်တာကိုတွေ့ရပါတယ်။
ဒီလို Error တက်လာရင် Image Files များဖွင့်လို့၊ကြည့်လို့မရတော့ပါ။
ဒီပြဿနာက ဘာကြောင့်ဖြစ်ရသလဲဆိုရင်....Windows x64 ကိုတင်စဉ်က
Graphic Drivers များ မစုံလင်လို့ဖြစ်စေ၊ဒါမှမဟုတ် စက်မှာ Installed လုပ်
ထားတဲ့ Softwares တခုခုကြောင့်ဖြစ်စေ၊ကွန်ပြူတာသုံးရင်း system ပိုင်း
ဆိုင်ရာကို ထိဆိုက်စေမဲ့ မှားယွင်းစွာနှိပ်မိတဲ့ Click ဖြစ်စေ ဖြစ်နိုင်ပါတယ်။
(အသေးစိပ်ရှင်းပြရရင် အတော်ကိုရှည်လျားတဲ့အတွက် နားလည်လွယ်အောင်
အခုလို အတိုချုပ်ပြောပြလိုက်တာပါ။)

ကောင်းပြီ....ဒါဖြင့်..ဘယ်လိုရှင်းနိုင်မလဲ။စလိုက်ကြရအောင်။အမေးရှိရင်အဖြေ
ရှိသလို ပြဿနာရှိရင်လဲ ဖြေရှင်းနည်း..ဆိုတာရှိပါတယ်။

ဒီ COM Surrogate has stopped working Error ကိုဖြေရှင်းနိုင်တဲ့နည်းလမ်း
များစွာထဲက တကယ်ကောင်းပြီး လက်တွေ့မှာလဲ Error ကိုဖြေရှင်းနိုင်တဲ့ နည်း
လမ်း (၃)မျိုးကို အောက်မှာဖေါ်ပြပေးလိုက်ပါတယ်။

Method (1)  - နည်းလမ်း (၁)
Windows CMD မှာ Command Type ရိုက်ပြီးပြုပြင်နည်း..


(1)Click Start.
(2)In the Search Box type CMD
(3)Right click on the Command Prompt icon.
(4)Click Run as Administrator.
(5)In the Command Prompt black window type: regsvr32 %windir%/System32/vbscript.dll
    and hit Enter.
(6)The system will return with the following message: DLL Register Server in
    C:\Windows\System32/vbscript.dll has been successful.
(7)Now click Start.
(8)Click Computer on the right.
(9)Click Folder and Search.
(10)Click the View tab.
(11)Tick Always show icons never thumbnails.
(12)Restart your Computer

Method (2) - နည်းလမ်း (၂)
Computer Properties မှာ ဝင်ရောက် ပြုပြင်နည်း...

My Computer ကို Right Click ထောက်ပြီး Properties ကို Click ပါ။



အောက်ဆုံးမှာရှိနေတဲ့ Advanced system settings ကို ကလစ်ပါ။



Performance အောက်က Settings ကို ကလစ်ပါ။



Performance Options မှာ Data Execution Prevention ကိုကလစ်ပါ။
အောက်ကစာကြောင်းဖြစ်တဲ့..
Tyrn on DEP for all programs and services except those I
select:   ကို Tick ပေးလိုက်ပါ။
ပြီးရင် အောက်ဘက်ကဘောက်မှာရှိနေတဲ့...
COM Surrogate ကိုအမှန်ခြစ်ပေးပါ။
Add ကို ကလစ်ပါ။



Method (3) - နည်းလမ်း (၃)
DLLFile Fixer Software ကိုအသုံးပြု ပြုပြင်နည်း..
အကယ်၍ အထက်က နည်းလမ်း (၂) ခုနဲ့မှ အဆင်မပြေသေးရင် အောက်မှာ
ပေးထားတဲ့ DLLFile Fixer Portable ကိုဒေါင်းလုပ်ယူပြီး Scan and Fix လုပ်ပါ။

DLLFile Fixer Portable     Download


ညီ ဇော်မင်းဦး နဲ့ ဒီလို error မျိုးကြုံတွေ့နေရပြီးအခက်အခဲ ဖြစ်နေသူများအားလုံး
ပြေလည်ပါစေလို့ ရည်ရွယ်ရင်းစေတနာဖြင့်.....

               David Aung (အလင်းသစ်နံနက်ခင်း)













0 comments:

Post a Comment