Tuesday, January 28, 2014

မည်သည့် Download ဆော့ဝဲမှ မသုံးဘဲ Youtube Videos များကို ဒေါင်းလုပ်ယူနည်း (How to download youtube videos without any softwares?)


ဒီပို့စ်ကို ကျွန်တော် မရေးချင်ပါ။ဘာလို့လဲဆိုတော့ ဆိုဒ်အတော်များများမှာ ဒီအကြောင်းကို
ရေးထား၊တင်ထား ကြပြီး ဖြစ်ပါတယ်။ဒါပေမဲ့ ကျွန်တော်တပည့်လေးတယောက်နဲ့ သူငယ်ချင်း
တယောက်က အကို့ဆိုဒ်ကဘဲ ဖတ်ချင်တယ်..ဆိုတာနဲ့ တင်ပေးလိုက်တာပါ။
ပထမ ဗီဒီယိုဖိုင်လေးနဲ့ တင်ပေးမလို့ပါ။ဒါပေမဲ့ မြန်မာစကားပြော ဖြစ်နေလို့ ရုပ်ပုံ(Images)
များနဲ့ဘဲ တင်ပေးလိုက်ပါတယ်။

ဘယ်လိုေါးင်းလုပ်ယူနိုင်သလဲဆိုတော့....
(၁)လိုချင်တဲ့ Youtube Video ကို Browser တခုခု(IE,Firefox,Maxthon,Chrome...etc)
    ဝင်လိုက်ပါ။
(၂)Browser ရဲ့ အပေါ်ဆုံးမှာရှိတဲ့ URL Address Bar မှာပြနေတဲ့ Youtube video Link
    မှ "http://www." ကို Delete လုပ်ပါ။
(၃) Delete လုပ်တဲ့နေရာမှာ "ss" လို့ ရိုက်ထည့်ပါ။
(၄)အဲဒီ လင့်ကို copy ယူပြီး အဲဒီ Browser မှာဘဲ New Tab ဖြင့်ဖွင့်လိုက်ပါ။
(၅)လင့်အသစ်ထဲရောက်ရင် ညာဘက်ခြမ်းမှာပြထားတဲ့ Video Formats တခုကိုရွေးပြီး
    ကလစ်ပါ။
(၆) Browser ရဲ့ အောက်ခြေ Bar ဘယ်ဘက်မှာ Auto Download လုပ်နေတာကို တွေ့
    ရပါမယ်။
(၇)ဒေါင်းလုပ်ပြီးတာနဲ့ ဗီဒီယိုကို ဖွင့်ပြီး ကြည့်နိုင်ပါပြီ။
စာနဲ့ရှင်းပြတာကို မရှင်းသေးရင် ပုံတွေကိုကြည့်ပြီး ဒေါင်းလုပ်ယူပါ။










0 comments:

Post a Comment