Thursday, March 3, 2016
ထိုင်းနိုင်ငံထုတ် AIS LAVA A1 ကို Root လုပ်ခြင်းနှင့် မြန်မာဖေါင့်ထည့်ခြင်း(အလင်းသစ်နံနက်ခင်း)
လွန်ခဲ့သော တလခန့်က LAVA A1 ဖုန်းတလုံးဝယ်လိုက်ပါတယ်။Android
Lollipop 5.1 Version ဖြစ်ပြီး ROM က 16-GB,RAM 2-Gb ပါ။Camera
က 12 MP နဲ့ Fore Camera က 5 MP ဖြစ်ပါတယ်။ဝယ်လာပြီး Root ဖေါက်
မြန်မာစာထည့်တာ Root app (၁၀၀)ကျော်ကုန်သွားပါတယ်။
ဖုန်းက Root Access မဖြစ်ပါ။
မြန်မာစာလဲထည့်မရတာနဲ့ ဒီတိုင်းဘဲ ပစ်ကာ ထားလိုက်ပါတယ်။ဖုန်းအဟောင်း
လေးဘဲဆက်သုံးနေရင်းက ဒီနေ့မနက် စိတ်ကူးပေါက်လာတာနဲ့ Root ပြန်လုပ်
ဖေါင့်ထည့်တာ OK သွားတာနဲ့ ပြန်လည်ဝေမျှလိုက်တာပါ။
LAVA A1 ကတခြားဖုန်းများလို အလွယ်တကူ Root လုပ်လို့မရနိုင်ပါ။
ဘာကြောင့်လဲဆိုတော့ Bootloader ကို Lock လုပ်ထားတဲ့အတွက်ပါ။
Bootloader ကို Unlock လုပ်ပြီးမှ Root လုပ်လို့ရပါတယ်။
(၁) ပထမဦးဆုံး LAVA A1 ကို Bootloader Unlock လုပ်နိုင်ရန် အောက်မှာ
ပေးထားတဲ့ All in One Tool အရင်ဆုံးဒေါင်းလုပ်ယူပါ။
ALL IN ONE TOOL       Download
-rar file ကိုဖြည်လိုက်ပြီး ရလာတဲ့ဖိုင်တွေထဲမှ ALL-IN-ONE-TOOL.bat.bat
ဖိုင်ကို Run as Admin ဖြင့်ဖွင့်လိုက်ပါ။
-LAVA A1 ကို USB Cable ဖြင့် ကွန်ပြူတာမှာချိတ်ဆက်ပါ။
-ပြီးရင် All in One Tool ကို Enter တချက်ရိုက်ပါ။
-Bootloader Unlock လုပ်မျာဖြစ်လို့ (1) ကိုရွေးရမှာပါ။Enter ထပ်ရိုက်ပြိး
စာတန်းပေါ်လာမှ 1 ကိုရိုက်၊Enter ထပ်ရိုက်ပါ။
ဖုန်းက Reboot ကျသွားပြီး ဖုန်းမှာစာတန်း(၃)တန်းဘဲပေါ်နေပါမယ်။
အောက်ဆုံးက normal ကို Volume Up ဖြင့်ရွှေ့ပေးပြီး Volume Down ဖြင့်
Reboot ချလိုက်ပါ။
ဖုန်းကို ကွန်ပြူတာမှ ဖြုတ်လိုက်ပါ။
Bootloader Unlock အောင်မြင်သွားပြီဆိုရင် Root လုပ်နိုင်ပါပြီ။
Root လုပ်ရန်အတွက် 29/02/2016 နေ့ထွက် NewKingrootV4.81_C136_B245_
xda_release_2016_02_29_105243 ကိုအောက်မျာဒေါင်းလုပ်ယူပြီး ဖုန်းရဲ့
SD Card မှာ copy လုပ်ထားပါ။
New Kingroot.apk           Download
ဖုန်းမှာ Kingroot ကိုအင်စတောလုပ်ပြီး Root လုပ်ပါ။
Root Access ဖြစ်ပြီးရင် မြန်မာဖေါင့်ထည့်လို့ရပါပြီ။
မြန်မာဖေါင့်ထည့်ရန်နဲ့ လိုအပ်တဲ့ ကီးဘုတ်ကိုအောက်မှာယူလိုက်ပါ။
Zawgyi-One FlipFont_V1.3 ttf           Download
MM Zawgyi ttf Collection                  Download
Font Installer                        Download
Zawgyi-One FlipFont နဲ့ MM Zawgyi ttf Collection ကို Winrar ဖြင့်
ဖိုင်ဖြည်ပြီး ဖုန်းရဲ့ SD မှာထည့်ထားပါ။Font Installer ကိုလဲ SD မှာထည့်ထား
ပါ။
Font Installer ကိုဖုန်းမှာအင်စတောလုပ်ပြီး ဖွင့်လိုက်ပါ။
Font Installer မှ Local ကိုကလစ်ပြီး စောစောက SD Card မှာ copy ထည့်
ထားတဲ့ MM Zawgyi ttf Collection ကိုရွေးပြီး ဖွင့်လိုက်ပါ။
(သို့) Zawgyi-One FlipFont ကိုဖွင့်လိုက်ပါ။
မိမိကြိုက်ရာ ဖေါင့်ကို အင်စတောလုပ်ပါ။
အင်စတောပြိးရင် Reboot လုပ်ဘို့စာတန်းတက်လာပါမယ်။
ဖုန်းကို Reboot လုပ်ပေးပါ။
ဖုန်းပြန်ပွင့်လာရင်မြန်မာဖေါင့်ကိုမှန်ကန်စွာမြင်ရပါပြီ..။
အင်စတောလုပ်ထားတဲ့ဖေါင့်ကိုမကြိုက်ရင်ကြိုက်နှစ်သက်ရာနောက်ဖေါင့်
တခုကိုအင်စတောလုပ်၊Reboot လုပ်ပါ။အင်စတောလုပ်ပြီး Rebot လုပ်တဲ့
ဖေါင့်ကိုဘဲဖုန်း Screen မှာမြင်ရပြိး English စာရိုက်ရင် အဲဒီဖေါင့်ဒီဇိုင်းအတိုင်း
အလန်းလေးတွေဖြစ်နေမှာပါ။
Keyboard
LAVA A1 အတွက် အဆင်အပြေဆုံး ကီးဘုတ်ကတော့ Bagan Keyboard ပါ။
Bagan Keyboard Pro ကိုအောက်မှာယူပါ။
Bagan Keyboard Pro           Download
Bagan Keyboard Pro ကိုဖွင့်ပြီး လိုအပ်တာလေးတွေပြင်ပေးလိုက်ပါ။
ကီးဘုတ်ကိုဖွင့်လိုက်ပြီး  Facebook Fix ကိုအမှန်ခြစ်ပေးလိုက်ရုံပါ။
ဒါဆို LAVA A1 က Root ဖြစ်သလိုမြန်မာစာလဲကောင်းကောင်းမြင်ရ
ရေးလို့ရပါပြီ။
အားလုံးကိုကျေးဇူးတင်လျက်....
                          အလင်းသစ်နံနက်ခင်း
မှတ်ချက်(၁)..All in One Tool ဖြင့် အခြားဖုန်းများ Root လုပ်၍ရသော်လဲ LAVA A1 အတွက်တော့
                  Root လုပ်မရပါ။Bootloader Unlock ဘဲလုပ်ပါ။
မှတ်ချက်(၂)..မြန်မာဖေါင့်ထည့်ရန် iFont(Expert font Installer) ကို Google
                  Play Store မှာယူပြီး ဖေါင့်ထည့်ရင်လဲရပါတယ်။
4 comments:
  1. ​ကျေးဇူးပဲ ကို​ဒေး တိုင်​ပတ်​​နေတာကြာပါပြီ၊လာလုပ်​သူ​တွေ​တော့အများကြီးပဲ၊လုပ်​မတတ်​လို့မရ​သေးဘူးလို့ပြန်​လွှတ်​လိုက်​တယ်​၊ကုသိုလ်​​တော့ရပြန်​ပြီ​ပေါ့...​ကျေးဇူးပဲ​နော်​.......
    ReplyDelete
  2. ဟုတ်ကဲ့ကျေးဇူးပါအစ်ကို
    ReplyDelete
  3. ဒေါင်းထားလိုက်ပြီး ကျေးဇူးပါ
    ReplyDelete
  4. အဆင်​​ပြေသွားပြီးအကို​ရေ
    ReplyDelete