Sunday, September 13, 2015

Google Drive တွင် ဖိုင်များ Upload တင်နည်းနှင့် Direct Download Link ယူနည်း-ဒုတိယအကြိမ်(အလင်းသစ်နံနက်ခင်း)


CBox ကရော Email,Facebook ကပါ ညီငယ်အတော်များများ မေးနေကြ
လို့ Google Drive မှာ ဖိုင်များ Upload တင်နည်းနဲ့ Download ကိုကလစ်
တာနဲ့ တိုက်ရိုက်ဒေါင်းလုပ်လင့်ကျလာတဲ့ Download Link ယူပုံကို ဒုတိယ
အကြိမ်အဖြစ်ပြန်တင်ပေးလိုက်ပါတယ်။


ပထမဆုံး အကြိမ်အဖြစ် Video file လေးဖြင့် အလင်းသစ်တင်ပေးခဲ့ဘူးပါ
တယ်။
အလင်းသစ်နံနက်ခင်းရဲ့ MENU>>TECH/MEDIA>>IT မှာကြည့်နိုင်ပါတယ်။
တချို့ကလဲ ဒီ Post ကိုမတွေ့မိလို့။တွေ့မိသူကလဲသိပ်ပြီးမလုပ်တတ်လို့ ပြန်တင်
ပေးဘို့တောင်းဆိုနေတာနဲ့ အခု ဒုတိယအကြိမ်အဖြစ် Video ဖြင့် မဟုတ်ဘဲ
Pictures (Images) များဖြင့် အသေးစိပ် တဆင့်ပြီးတဆင့် ရှင်းပြပေးထားပါတယ်။

Google Drive မှာ ဖိုင်တွေကိုဘာကြောင့် Upload တင်သင့်သလဲဆိုရင်တော့...
(၁)gmail account တခုမှာ 15-Gb အထိ ဖိုင်များ ဖရီး Upload တင်နိုင်ခြင်း။
    (15-Gb ပေးထားတာမှန်ပေမဲ့ 14.5 Gb ထက်ကျော်ပြီးပြည့်အောင်မတင်သင့်
     ပါ။)
(၂)မိမိရဲ့ gmail အကောင့် Delete မလုပ်မချင်း(သို့) မပျက်မချင်း Link များ မသေခြင်း။
(၃)Upload Speed မြန်ဆန်ခြင်း။
(၄)Google ရဲ့ Security System အရ တင်ပြီး ဖိုင်များလုံခြုံစိတ်ချရပြီး Viruses ကင်းခြင်း။
(၅)Internet Connection ကောင်းလျှင် ဖိုင်ဆိုဒ်အကြီးများကို တဖိုင်ထဲတင်နိုင်ခြင်း။
 ......စတဲ့အချက်လေးတွေကြောင့် Drive မှာ ဖိုင်တွေတင်သင့်သိမ်းသင့်တယ်လို့
ပြောရခြင်းပါ။

Google Drive ကို စတင်ဝင်ပုံမှ Direct Download Link ယူပုံအထိ ပုံပေါင်း(၃၃)
ပုံနဲ့ အသေးစိပ်ရှင်းပြထားပေးပါတယ်။
အားလုံးနားလည်သဘောပေါက်ကြမယ်လို့ ယုံကြည်ပါတယ်။

အားပေးသူအားလုံးကို..ကျေးဇူးတင်လျက်...

      (အလင်းသစ်နံနက်ခင်း)








































မှတ်ချက်....Drive မှာတင်မဲ့ Setup file,Crack,Patch,Keygen

               files များကို RAR (or) ZIP File Formats များဖြင့်

               သာ Upload တင်ပါ။

              သို့ မဟုတ်ပါက Google security ကြောင့် ဖိုင်များ

               ပြန်ဒေါင်းလုပ်ယူလို့မရနိုင် ဖြစ်တတ်ပါတယ်။


www.linthit.com







7 comments:

  1. အခုလိုစိတ်​ရှည်​ရှည်​နဲ့​အ​သေးစိတ်​ရှင်းပြ​ပေးတဲ့အတွက်​အရမ်းကို​ကျေးဇူးတင်​ပါတယ်​၊အားပါနာသွားတယ်​ကို​ဒေး၊​ကျေးဇူးပဲ​နော်​၊(သန်း​ဇော်​)

    ReplyDelete
  2. အကို ကွန်တော်မှာလုပ်မရဖြစ်နေတယ် google drive မှာ right ကလစ်ထောက်လိုက်ရင် စာတွေက မှိန်မှိန် လေးပဲပေါ်တယ် နိုပ်လို မရဖြစ်နေတယ် ဆက်သွားမရဖြစ်နေလို ကူညီပါအုံး firefox နဲ့ သုံးတာ

    ReplyDelete
  3. ရသွားပြီအကိုရေ

    ReplyDelete
  4. ကို​ဒေး..တစ်​ခု​လောက်​​မေးချင်​လို့ လင့်​ယူမယ့်​​နေရာမှာမြန်​မာလို​ရေးထားတာ​တွေ ????? ဖြစ်​​နေလို့ အဲဒီ​နေရာမြန်​မာလို​ပေါ်​အောင်​ပြင်​လို့ရလား (သန်း​ဇော်​)

    ReplyDelete
  5. ကျေးဇူးအထူးတင်ပါတယ် အစ်ကို

    ReplyDelete
  6. ကျေးဇူးတင်ပါတယ်ဗျာ အစ်ကို

    ReplyDelete
  7. Thanks you so much brother
    i saves as picture

    ReplyDelete