Wednesday, September 24, 2014

Windows Screen တွင် Right Click ဖြင့်အလုပ်လုပ်ခြင်းကို Snap Shot ပြုလုပ်နည်း (အလင်းသစ်နံနက်ခင်း)


ကွန်ပြူတာကို စတင်အသုံးပြုခါစသူများနဲ့ Blogger သမားများအတွက် Right Click
နိပ်ထားတာကို Snap Shot အဖြစ် ဘယ်လို Record လုပ်နိုင်ပါသလဲလို့ အလင်းသစ်
ကိုမေးထားသူများအတွက် Right Click ဖြင့်အလုပ်လုပ်ခြင်းကို Snap Shot ပြုလုပ်
နည်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ဒီနည်းလေးက ကျွန်တော်လက်ရှိသုံးနေတဲ့အလွယ်ဆုံး နည်းလမ်းလေး တခုပါ။
ဒီလို Right Click နှိပ်ထားတာကို Snap Shot လုပ်ဘို့ အောက်မှာပြထားတဲ့
tinytake ဆော့ဝဲလေးကိုအရင်ဒေါင်းလုပ်ယူပါ။
(ဒီနေရာမှာ..တချို့ကမေးချင်မေးကြပါမယ်..ဘာဆော့ဝဲမှနောက်ထပ်မယူဘဲ Windows
မှာ Original ပါလာတဲ့ Snapping Tool ကိုသုံးရင်ကော မရဘူးလား..ဟူ၍။ဖြေရရင်.
ရပါတယ်။ဒါပေမဲ့ Snapping Tool နဲ့ Snap Shot လုပ်တာနဲနဲခက်လို့ လွယ်ကူအောင်
tinytake ကို သုံးခိုင်းတာပါ)



                            Password - www.linthit.com

                             Download Tiny Take


tinytake ကိုဒေါင်းလုပ်ယူပြီး စက်မှာ အင်စတောလုပ်ထားပါ။
ပြီးရင် System Tray ကိုဖွင့်ကြည့်လိုက်ပါ။
System Tray မှာ tinytake ကိုတွေ့ရပါမယ်။



ဟုတ်ပြီ...ဒါဆို ကျွန်တော်တို့ Right Click လုပ်ဆောင်ချက်များကို Snap Shot
လုပ်ကြရအောင်..။
==>မိမိ ဖေါ်ပြလိုတဲ့(သို့) Snap Shot လုပ်လိုတဲ့နေရာမှာ Right Click ထောက်လိုက်ပါ။
==>ပြီးရင် Mouse ကိုလွှတ်ထားလိုက်ပါ။
==> Ctrl + PrtScr(SysRq) ..Shotcut Key (၂)ခုကိုတပြိုင်နက်နှိပ်ပါ။
==> tinytake တက်လာပြီး Snap Shot လုပ်တဲ့ပုံကို ဖေါ်ပြပါလိမ့်မယ်။
==>ဖိုင်နာမည်ရေးပြီး မိမိသိမ်းလိုတဲ့နေရာမှာ Save လုပ်ပါ။

အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ......

                  အလင်းသစ်နံနက်ခင်း









0 comments:

Post a Comment