Thursday, August 14, 2014

Firefox Browser နှင့် IDM CC (IDM Add-ons) ပြဿနာ


မကြာခဏဆိုသလို Online ကနေအကူအညီတောင်လာကြလို့ ဖြေရှင်းပေးနေရတဲ့
ပြဿနာတခုကတာ့ Mozilla Firefox Browser တွင် IDM CC (IDM Add-ons)
မဝင်ခြင်း ပါ။ကျန်မသိသေးသူများပါ သိရအောင် ပို့စ်လေးတခုအနေနဲ့ ရေးပြီးတင်
လိုက်ပါတယ်။Firefox မှာ Internet Download Manager ပုံမှန်မဖြစ်ဘဲနေသူများ
အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

တကယ်တန်းပြောရရင် Internet Download Manager ကိုအင်စတောလုပ်ပြီးတာနဲ့
င်္Firefox မှာ IDM CC က အော်တိုဝင်သွားပြီဖြစ်ပါတယ်။တကယ်လို့ အဲလို Add-ons
အော်တိုမဝင်ဘူးဆိုရင် အောက်ကအချက် (၂)ချက်ကြောင့် ဘဲဖြစ်ပါတယ်။
(၁) IDM Version ကနိမ့်ပြီး Firefox Version ကမြင့်နေခြင်း....
     ဥပမာ...IDM Version က v6.15 လောက်ဖြစ်ပြီး Firefox က Version 30 နှင့်အထက်
     ဖြစ်နေခြင်း။
     ဒီလိုဖြစ်နေရင် Firefox Add-ons မှာ IDM CC လုံးဝမဝင်နိုင်ပါ။
(၂) IDM Version ကမြင့်နေပြီး Firefox Version ကနိမ့်နေခြင်း....
      ဥပမာ...IDM Version ကနောက်ဆုံးထွက် v6.21.3 ဖြစ်နေပြီး Firefox Version က
      v.25 အောက်မှာဖြစ်နေခြင်း။
      ဒါဆိုရင်လဲ IDM CC Add-ons မဝင်နိုင်ပါ။
IDM နဲ့ Firefox Version ချင်းညီမျှဘို့လိုပါတယ်။
တခုခုက Version နိမ့်နေရင် နောက်ဆုံးထွက် Version ကို ပြန်အင်စတောလုပ်ပါ။
အဲလို Version ချင်းညီမျှနေရင် ဘာပြဿနာမှမရှိပါ။
နည်းပညာမဟုတ်ပေမဲ့ ကွန်ပြူတာသုံးခါစသူများ သိထားသင့်တဲ့အချက်လေးတခုမို့အခုလို
ပို့စ်တခုအနေနဲ့ရေးလိုက်တာပါ။
        မိတ်ဆွေအားလုံး..ပျော်ရွှင်စွာနဲ့ နည်းပညာများကိုဆက်လက်လေ့လာနိုင်ပါစေ။
                   အလင်းသစ်နံနက်ခင်း

4 comments:

  1. ကိုလင်းသစ်ရေကျေးဇူးနောက်နောက်လဲဒိထက်မကနည်းပညာများတိုးတက်အောင်ပါစေ

    ReplyDelete
  2. ကိုလင်းသစ်ရေကျေးဇူးပဲဒိထက်မကနည်းပညာများတိုးတက်အောင်ပါစေလို့ဆုတောင်းလိုက်ပါတယ်

    ReplyDelete
  3. ​ကျေးဇူးတင်​ပါတယ်​ဆရာကျ​နော်​လဲဒုက္ခ​ရောက့်​​နေတာaddမရဘူးတိုင်​ပတ်​​နေလို့....ရှင်းပြသွားလို့​ကျေးဇူးပါဆရာ

    ReplyDelete