Saturday, August 30, 2014

Blog Posts များကို မိမိရဲ့ Facebook/Facebook Page မှာ Auto Publish လုပ်နည်း (အလင်းသစ်နံနက်ခင်း)


ဒီပို့စ်လေးက ဘလော့ဂါများ အတွက် မိမိဘလော့မှာတင်လိုက်တဲ့ Posts တိုင်း မိမိရဲ့
Facebook,Facebook Page မှာ Auto Publish လုပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ နည်း
လမ်းလေးတခုပါ။Auto Publish/Auto Share လုပ်တဲ့နည်းလမ်းတွေ မြောက်များစွာ
ထဲက အလွယ်ဆုံးနဲ့ အရှင်းဆုံးနည်းလမ်းလေးကို ရေးပေးလိုက်ပါတယ်။

အားလုံးနားလည်နိုင်အောင် တဆင့်ချင်း ကျွန်တော်ရှင်းပြပေးထားပါတယ်။
ဒီနည်းလမ်းလေးက မိမိ Blog/Website မှာတင်လိုက်တဲ့ Posts အသစ်တိုင်း စက္ကန့်ပိုင်း
အတွင်း မိမိ Facebook/Facebook Page မှာ Auto Publish လုပ်ပေးပြီး Auto Publish
ကိုအချိန်မရွေး ON/OFF လုပ်နိုင်ပါတယ်..။
ကဲ..စိတ်ဝင်စားတယ်ဆိုရင်..စလိုက်ကြရအောင်..။
(၁)ပထမဦးဆုံး မိမိရဲ့ Facebook ကို www.facebook.com မှာ Sign in ဝင်ထားပါ။
(၂)ပြီးရင်အောက်က Link ကိုကလစ်လိုက်ပါ။
    https://apps.facebook.com/rssgraffiti
(၃)ခေတ္တစောင့်ပြီး တက်လာတဲ့ ဘောက်မှာ...
    Go to Permission Dialog  ကို ကလစ်ပါ။


(၄)အောက်ကပုံတွေအတိုင်း တခုပြီးတခု တက်လာပါမယ်။
    အားလုံး OK ကိုသာ ကလစ်ပါ။






(၅)RSSGRAFFITI ရောက်ရင်...
    Add New Publishing Plan ကိုကလစ်ပါ။



(၆)အောက်ပုံအတိုင်း Name New Publishing Plan မှာ မိမိရဲ့..
    Facebook Account နာမည်  (သို့မဟုတ်)
    Facbook Page နာမည်ကို ရိုက်ထည့်ပါ။
    (လက်ရှိသုံးနေတဲ့ FB/FB Page နာမည်အတိုင်း တပုံစံထဲဖြစ်ရပါမယ်။)


(၇)Plan နာမည်ထည့်ပြီးရင် အောက်ကပုံအတိုင်တက်လာပါမယ်။
    New Source ကိုကလစ်ပါ။



(၈)နောက်ထပ်တက်လာတဲ့ Add a New Source ဘောက်မှာ ...
    မိမိ Blog (or) Website ရဲ့ RSS Feed URL ထည့်ပါ။



   (RSS Feed URL ကိုမရှာတတ်ဘူးဆိုရင် Maxthon Browser ကိုဖွင့်ပြီး မိမိဘလော့ကို
    ဖွင့်လိုက်ပါ။....ဘလော့URL နဲ့ ရိုးရိုးဖွင့်ပါ။အကောင့်ဝင်ပြီးဖွင့်ရန်မဟုတ်ပါ...။RSS Icon
    ကို ကလစ်ပြီး အောက်ဆုံးမှာရှိတဲ့ RSS ကို ကလစ်ပါ။ကျွန်တော့ဆိုဒ်ရဲ့ RSS Feed URL
    ယူပုံကို အောက်မှာ ပုံနဲပတကွ နမူနာပြထားပါတယ်။)




(၉)RSS Feed URL ထည့်ပြီး Add Source စာတန်းကိုကလစ်ပါ။
(၁ဝ)ဆက်လက်ပြီး Ner Target ကိုကလစ်ပါ။
      Facebook,Facebook Page (ရှိခဲ့ရင်) ၂-ခုပေါ်လာပါမယ်။
      မိမိ Auto Publish လုပ်လိုတဲ့ တခုကိုရွေးပေးပါ။



(၁၁)ပြီးရင် တက်လာတဲ့ဘောက်မှာ Save Change ကိုကလစ်ပါ။




(၁၂)အားလုံးပြီးစီးရင် အောက်ကပုံအတိုင်း ON လုပ်ပေးလိုက်ပါ။



အခုဆို...မိမိဘလော့မှာ တင်တဲ့ပို့အသစ်တိုင်း Facebook/Facebook Page မှာ
Auto Publish လုပ်ပြီးသားဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အားလုံး ကောင်းသော နည်းပညာများ၊စစ်မှန်သော နည်းပညာများ ကိုပျော်ရွှင်စွာ
လေ့လာနိုင်ကြပါစေ...။

                အလင်းသစ်နံနက်ခင်း














5 comments:

  1. အကိုဆရာလေ ကျွန်တော်လုပ်တာ Website RSS Feed URL ထည့်တာမရဘူးဖြစ်နေတယ်ဗျာ
    ဘယ်မှာသွားပြီး copy ယူရမှာလည်း ပြောပြပေးပါလား......

    ReplyDelete
  2. ကျေးဇူးပါကိုဒေး.... တခြားဆိုဒ်မှာတွေ့ပေမယ့် သမီးကိုဒေးတင်တဲ့ပိုစ်နဲ့ပဲ လုပ်ကြည့်ချင်တာ.... တခြား ဘလော့နည်းပညာများကိုလည်း မျှဝေပေးပါနော်... သမီးတို့က ခုမှစမ်းတဝါးဝါးဖြစ်နေတာ ဖြစ်နိုင်ရင် အစမှ အဆုံးထိ (ဂူဂဲလ်မှာ ရှာလို့ရတဲ့အထိ) သင်ပြပေးပါနော်... E-Book နဲ့ဖြစ်ဖြစ်ပေါ့... ကျေးဇူးတင်လျှက်
    မှ
    သော်ဟေဒါ

    ReplyDelete
  3. ကျေးဇူးပါဆရာ

    ReplyDelete
  4. ဆရာရယ် ကျွန်တော်လုပ်တာအဆင်မပြေဘူးဗျာ။ RSS Graffiti is no longer available လို့ပြောတယ်။ တစ်ခြားနည်းများရှိရင်ပြောပြပါလား။ အရမ်းလုပ်တတ်ချင်လို့ပါ။

    ReplyDelete