Saturday, March 22, 2014

Google Drive တွင် ဖိုင်များ Upload တင်နည်းနှင့် Download Link ယူနည်း ဗီဒီယို (How to upload files to Google Drive and get download link?)


ဘလော့ဂါများ အတွက် Google Drive မှာ ဖိုင်များ Upload တင်နည်း၊ဒေါင်းလုပ်လင့် ယူနည်း
တို့ကို လွန်ခဲ့တဲ့ (၃) လလောက်က Post တခုအနေဖြင့်တင်ပေးခဲ့ဘူးပါတယ်။ရုပ်ပုံတွေနဲ့ သေချာ
ရှင်းပြထားတာပါ။ဒါပေမဲ့ တချို့ကလဲ ဒေါင်းလုပ်လင့်ယူပုံကို နားမလည်လို့ ဗီဒီယိုလေးနဲ့ ထပ်ရှင်း
ပြပေးပါဆိုလို့ ဒီပို့စ်ကို ထပ်တင်ပေးလိုက်ပါတယ်။

ဘလော့ဂါများ၊Websites ပိုင်ရှင်များအနေနဲ့ ကိုယ်တင်မဲ့ Posts တွေအတွက် ဖိုင်တွေကို Upload
ပြန်တင်ရပါတယ်။Free hosting Sites တွေမှာ Upload တင်လို့ရပေမဲ့ ဖရီးဖြစ်တဲ့အတွက် ရက်
အကန့်အသတ် နဲ့ဘဲရပါတယ်။အဲဒီရက်ကျော်လာရင် Upload တင်ထားတဲ့ဖိုင်တွေကို Auto Delete
လုပ်ပစ်ပါတယ်။ဒီတော့ကိုယ့်ဆိုဒ်မှာ ပေးထားတဲ့ ဒေါင်းလုပ်လင့်တွေ သေကုန်ရော..။
တကယ်တော့ အဲဒီ Free Hosting Sites တွေက ဖရီးတင်ခွင့်ပေးတာ ကြောငြာတဲ့ သဘောပါ။
ရှင်းအောင်ပြောရရင် Premium Account ဝယ်ခိုင်းချင်လို့ ဖရီးပေးထားတာပါ။
Premium Account ဝယ်ရင်လဲ ဒေါ်လာနဲ့ Credit Card နဲ့မှရတာမို့ ပိုက်ဆံလဲမကုန်ရအောင်၊
လင့်တွေလဲ မသေရအောင် Google Drive မှာ Upload တင်တတ်ဘို့ ဒီပို့စ်လေးကို ထပ်ပြီးရေး
ဖြစ်လိုက်တာပါ။
(ညီငယ် အတော်များများတောင်းဆိုထားတာ ကြာပါပြီ။အလုပ်များနေလို့ အခုမှဘဲတင်ပေးဖြစ်ပါတယ်။
တောင်းဆိုထားသူများလဲ ကျေနပ်ကြမယ်လို့ ယုံကြည်ပါတယ်။...စကားချပ်)
Google Drive မှာ Upload တင်ဘို့ Google Account ရှိရပါမယ်။များများတင်ချင်ရင်တော့ အကောင့်
များများရှိဘို့လိုအပ်ပါတယ်။
အကောင့်တခုမှာ 15-Gb အထိ တင်ခွင့်ပြုထားပေမဲ့ 14.3 Gb လောက်ဘဲတင်ပါ။15-Gb ပြည့်လုနီးပါး
တင်ရင်တော့ တချို့ဖိုင်တွေကို Google ကဖျက်ပစ်နိုင်ပါတယ်။ဒါမှမဟုတ် ဒေါင်းလုပ်လုပ်ရင် Error ပြ
နိုင်ပါတယ်။ဒီအချက်ကို အထူးသတိထားကြပါ။
Upload တင်တဲ့အခါ zip,rar,7zip,iso.tar ..စတဲ့ File Formats များဖြင့်သာ တင်ပါ။exe ဖိုင်များတိုက်ရိုက်
တင်ပါက ဒေါင်းလုပ်ယူတဲ့အခါ Error ပြပါလိမ့်မယ်။
Google Drive မှာ ဖိုင် Upload တင်နည်း၊ဒေါင်းလုပ်လင့်ယူနည်း ကိုအောက်က ဗီဒီယို ကိုသာကြည့်ပြီး
လုပ်ဆောင်ကြပါ။အားလုံး အဆင်ပြေကြပါစေ..။

How to upload files to ?Google Drive and get download link? (Video)

1 comment:

  1. ကျနော့်အတွက်တော့အရမ်းကိုအဆင်ပြေသွားပါတယ် အခုလို ဗီဒီယိုဖိုင်လေးနဲ့ရှင့်းပြထားတော့
    ပိုပြီးတော့ အဆင်ပြေပါတယ်။ ကိုအလင်းသစ်ကို အမြဲအားပေးလျှက်ပါ။ ဒီဖိုင်လေးကို ဒေါင်းယူ
    ထားလိုက်ပါတယ်အကို။

    ReplyDelete