Tuesday, December 31, 2013

FB အကောင့် Blocked ဖြစ်သွားရင် ဘယ်လိုပြန်ဖွင့် နိုင်မလဲ...?


အခုတလော ဘာတွေဖြစ်နေကြတာလဲမသိ၊လိုင်းမတက်လိုက်နဲ့တက်လိုက်တာနဲ့..အကိုရေ..
ဆရာရေ..ကယ်ပါအုံးဆိုတဲ့ Facebook အကောင့်တွေ Block ဖြစ်ပြီး ဖွင့်မရတဲ့ပြဿနာကို
ရှင်းပေးရတာများလို့ ကျွန်တော်လဲ ဒီပို့စ်လေးကိုရေးဖြစ်လိုက်တာပါ။
ဖြေရှင်းနည်းတွေ အများကြီးရှိတဲ့အထဲက အလွယ်ကူဆုံးနဲ့ အရှင်းလင်းဆုံး၊အမြန်ဆုံးနည်းလမ်း
လေးတခုကို ပြန်လည်ပြောပြပေးလိုက်တာပါ။

ကဲ..ဟုတ်ပြီ..FB အကောင့်ကလောကျတာဘဲဖြစ်ဖြစ်၊ဘလော့ကျတာဘဲဖြစ်ဖြစ် ဘယ်လိုပြန်
ယူမလဲ။ကြည့်ကြရအောင်..။
(၁) FB အကောင့်ကိုLogin ဝင်ပါ။
(၂)Lock ဖြစ်နေတဲ့စာမျက်နှာပေါ်လာရင် Logout ပြန်လုပ်ထားပါ။
(၃)အောက်ကလင့်ကို တခြား Browser တခုဖြင့်ဝင်လိုက်ပါ။

http://www.facebook.com/help/contact/260749603972907

(၄)အဲဒီလင့်ထဲရောက်ရင်အောက်က ပုံအတိုင်း ဖြည်ါသွက်စရာ ရှိတာများကို မှန်မှန်ကန်ကန်
    ဖြည့်ပါ။
(၅) Send ကို ကလစ်ပြီး Facebook.com ကပို့လာမဲ့ Email ကို စောင့်ပါ။
(၆) Email မှာပြထားတဲ့အတိုင်ဆက်လက်ဆောင်ရွက်ပါ။
(၇) Browser အားလုံးပိတ်လိုက်ပြီး FB ကိုအေကာင့်ပြန်ဝင်ပါ။
အဆင်ပြေကြပါစေဗျာ..။


1 comment:

  1. Hi Admin. I can not understand your Language in which you Write this paragraph. Please can you translate in English also ???

    ReplyDelete