Sunday, October 13, 2013

လက်ရှိ အသုံးပြုနေတဲ့ Windows 7 ထဲမှာ VM VirtualBox ကိုအသုံးပြုပြီး အခြား Windows/Mac OSX/Linux များကိုအသုံးပြုနည်း



VM VirtualBox ..ဆိုရင် အတော်များများသိကြမှာမှာပါ။မသိသေးတဲ့သူများလဲ ရှိနိုင်ပါတယ်။အခု ဒီပို့စ်
လေး ကတော့ ယခုလက်ရှိအသုံးပြုနေတဲ့ မိမိစက်က Windows 7 ထဲမှာတင် အခြား Windows များ
(Windows 3.1/95/98/ME/NT.4/200/XP/2003/Vista/2008/7/8/8.1 and Other Windows),
Linux များ (Debian/openSuse/Fedora/Gentoo/Mandriva/Red Hat/Turbolinux/Ubuntu/Xandros/
Orade and Other Linux),..နဲ့ Solaris/BSD/IBM-OS/2 /Max OS X တို့ကို အင်စတောလုပ်ပြီး
လိုအပ်တဲ့အချိန်မှာ VirtualBox ကိုဖွင့်ပြိး ကစားနိုင်ပါတယ်။
VirtualBox ကိုသုံးချင်ရင် စက်က Ram=2Gb,Processor=160 Ghz နဲ့အထက်,HardDisk=100 Gb
ရှိရပါမယ်။
VirtualBox ကို အောက်ကလင့်အတိုင် မူရင်းဆိုဒ်မှာ ဒေါင်းလုပ်ယူပါ။
                VirtualBox Download Link 
အဲလို VirtualBox မှာကစားဘို့ Windows XP ကို အောက်ကလင့်မှာယူပါ။
                 Windows XP Download Link
နာမည်ကြီး Linux ၂-ခုကိုတော့ အောက်ကလင့်မှာယူပါ။
Ubuntu           Download Link
openSUSE       Download Link

-VM VirtualBox ကိုအရင်ဆုံး အင်စတောလုပ်ပါ။
-ပြီးရင် VirtualBox ကိုဖွင့်လိုက်ပြီး New ကိုကလစ်ပါ။
-New and oprating System မှာ နာမည် တခုပေးပါ။(ကြိုက်ရာနာမည်ပေးနိုင်ပါတယ်)
-Type မှာ ကိုယ်ကစားလိုတဲ့ Microsoft Windows/Linux/Solaris/BSD/IBM-OS/2 /
  Max OS X ..တခုခုကိုရွေးပေးပါ။
-ဥပမာ...Windows ကိုရွေးတယ်ဆိုပါစို့။ Version ကိုကလစ်ပြီး အထဲမှာပါတဲ့ Windows
 တခုကိုရွေး လိုက်ပါ။(ဒီနေရာမှာ..သတိပေးချင်တာက ကိုယ်ရွေးလိုက်တဲ့ Windows ရဲ့
 ISO ဖိုင်က ကိုယ့်စက်တဲမှာအသင့်ရှိနေရပါမယ်။)
-ပြီးရင်  Next ကိုကလစ်ပါ။
-စက်ထဲမှာဒေါင်းလုပ်ယူ၊သိမ်းထားတဲ့ ISO ဖိုင်ကို Select လုပ်ပြီး Creat ကို ကလစ်ပါ။
-Creat ပြိးသွားရင် ဆော့ဝဲရဲ့ ဘယ်ဘက်ခြမ်း New အောက်နားမှာ ကိုယ်ပေးထားတဲ့
 နာမည်အတိုင်း System Folder လေးတခုပေါ်လာပါမယ်။
-အဲဒီ Folder ကိုကလစ်တချက်ပေးပြီး အပေါ်က Start ကို ကလစ်ပါ။
- စောစောကရွေးပေးထားတဲ့ ISO ကိုအင်စတောလုပ်ပေးပါလိမ့်မယ်။Windows တင်သလို
 လိုအပ်တဲ့နေရာအတိုင်းကလစ်ပြီး အင်စတောပြီးအောင် စောင့်ပါ။
-အားလုံးပြီးစီးရင် ကိုယ်ရွေးထားတဲ့ အခြား Windows ကို VirtualBox ကိုဖွင့်ပြီး
 အချိန်မရွေးကစားနိုင်ပါပြီ။
မိတ်ဆွေ အားလုံးအဆင်ပြေ ချမ်းမြေ့ကြပါစေဗျာ...။ David Aung(CMG)


1 comment:

  1. XP တင်ထားတဲ့ Window မှာ 7 or 8 ထည့်ပြီး သုံးလို့ရမလား ခင်ဗျ

    ReplyDelete