Saturday, October 12, 2013

Windows 7 Nvidia Edition 2013 (64-bit) တင်ပြီး User Name နဲ့ Password တောင်းခြင်း ပြဿနာ ဖြေရှင်းနည်း



ပြီးခဲ့တဲ့ လက ကျွန်တော့်ဆိုဒ်မှာတင်ပေးခဲ့တဲ့ Windows 7 Nvidia Edition 2013 (64-bit) Updated
Incl Activator ကို တင်ပြီးတဲ့အခါ Restart ကျ၊ပြန်တက်လာတာနဲ့ User Name,Password ကိုတောင်း
နေလို့ ဘယ်လိုဖြေရှင်းရှင်းရမလဲ..ကူညီပါဦး..ဆိုတဲ့ ညီငယ်များ နဲ့ အခြား ဒီဝင်းဒိုးကို သုံးမဲ့သူများအတွက်
ပါ..ဒီပို့စ်လေးကိုရေးလိုက်ပါတယ်။
ကျွန်တ်ာရဲ့ ဘော်ဘော်တွေ၊မိတ်ဆွေတွေကို ရစေချင်တဲ့ စိတ်စောပြီး User Name နဲ့ Password ဖြေရှင်း
နည်းလေးကို ထည့်မရေးမိဘဲ အရေးတကြီးတင်ပေးလိုက်မိတာ နားလည်ပေးကြပါလို့ တောင်းပန်ပါတယ်။

Windows 7 Nvidia အတွက် User Name and Password ဖြေရှင်းနည်း...

(၁)Windows 7 Nvidia Edition 2013 (64-bit)ကိုတင်အပြီး Restart ကျပြီးပြန်တက်လာလို့ User
     Name နဲ့ Password တောင်နေရင် စက်ကို Power ဖြင့်ပိတ်လိုက်ပါ။
    Power ပြန်ဖွင့်ပြီး F8 ကို တချက်၊နှစ်ချက် ရိုက်ပေးပါ။အောက်က ပုံမှာပြထားတဲ့အတိုင်း
    Advanced Boot Options ပေါ်လာပါမယ်။ Safe Mode ကို Select လုပ်ပြီး Enter ရိုက်ပါ။


(၂) Safe Mode ထဲရောက်ရင် (What is Safe Mode?) ဆိုတဲ့ Windows Box ကိုပိတ်လိုက်ပါ။
     Windows Start မှာ msconfig လို့ရိုက်ပါ။အောက်ပုံအတိုင်းပါ။


(၃)တက်လာတဲ့ msconfig ကို ကလစ်ပြီး General မှာ Normal Startup ကိုကလစ်ပါ။
    အောက်က ပုံကိုကြည့်ပါ။


(၄)ပြီးရင် အဲဒီဘောက်မှာဘဲ Boot ကို ကလစ်ပြီး Safe Boot ကို ကလစ်ပေးပါ။အောက်က ပုံကို
    ကြည့်ပါ။


(၅)ပြီးရင်အောက် ပုံအတိုင်း Restart ချဘို့ ဘောက်တက်လာပါမယ်။Restart ချလိုက်ပါ။
     Windows 7 Nvidia ပြန်တက်လာရင် မည်သည့် User Name,Password မှထည့်စရာ
    မလိုဘဲ ပုံမှန်ပြန်တက်လာပါလိမ့်မယ်။


ဘော်ဘော်တွေ၊မိတ်ဆွေတွေ အားလုံး အဆင်ပြေကြမယ်လို့ ယုံကြည်ပါတယ်။
ဒီနည်းလေးက Windows ကို Login Password နဲ့ သုံးသူများ မိမိ Password ကိုလုံးဝ
မမှတ်မိတော့ရင်လဲ သုံးနိုင်ပါတယ်ဗျာ...။

1 comment:

  1. အကို ဖြေချင်းပေးလို့ ကျေးဇူးတင်ပါတယ် ဒါပင်မဲ့ လေးဘက်ထောင့် တွေမှာ safe mode တွေပေါ်နေတယ် ဘယ်လိုဖြေချင်းလို့ ရမလဲ ပြောပြပေးပါနော်

    ReplyDelete