Saturday, June 22, 2013

မည်သည့် ဆော့ဝဲမှ မသုံးဘဲ Windows Start Up ကို မြန်အောင်လုပ်နည်း


ကွန်ပြူတာကို ဖွင့်လိုက်တာနဲ့ Windows Start Up Boot Time က စက္ကန့်(၆၀) အတွင်းမှာ Windows
တက်လာရင် (ပုံမှန်)လို့ သတ်မှတ်နိုင်ပြီး (၄၀)စက္ကန့် အောက် တက်လာရင်(မြန်တယ်)လို့ပြောနိုင်ပါတယ်။
တကယ်လို့ Windows က ၁-မိနစ် နဲ့ အထက်မှ တက်လာရင်တော့ Windows Start Up ကအရမ်းနှေး
သွားပါပြီ။
အဲလိုနှေးနေတဲ့ Windows Start Up ကိုမည်သည့်ဆော့ဝဲမှ အသုံးမပြူဘဲ မြန်အောင်လုပ်တဲ့နည်းလမ်း
တွေထဲက အလွယ်ကူဆုံးနဲ့ အရှင်းဆုံး နည်းလမ်းတခုကို မသိသေးသူများ အတွက် ဝေငှ ပေးလိုက်ပါတယ်။
Windows Start Up မြန်လာအောင် အဆင့်(၂)ဆင့် နဲ့ လုပ်ဆောင်ပါ။
အဆင့်(၁)
Windows Start မှာ regedit လို့ရိုက်လိုက်ပါ။
တက်လာတဲ့ regedit ကို ကလစ်ပြီးအောက်မှာ ပြတဲ့အတိုင်း တဆင့်ချင်း ဝင်သွားပါ။
regedit>>HKEY_LOCAL_MACHINE>>STSYEM>>CurrentControlSet>>Click Control
အောက်ဆုံးမှာရှိနေတဲ့ WaitToKillServiceTimeout ကိုကလစ်ပြီး Value data မှာ 12000 ကိုဖျက်လိုက်ပြီး
3000 လို့ရိုက်ပါ။
OK ကိုကလစ်ပေးပြီးအဲဒီ ဘောက်ကို ပြန်ပိတ်လိုက်ပါ။
အဆင့်(၂)
Desktop မှာရှိနေတဲ့ Install လုပ်ထားတဲ့ ဆော့ဝဲ တခုချင်းကို(AntiVirus ဆော့ဝဲမှလွဲ၍) ဖွင့်ပြီး အဲဒီဆော့ဝဲရဲ့
Option (သို့) Setting ကိုဝင်ပြီး Start with Windows Startup မှာအမှန်ခြစ်ပေးထားရင် အမှန်ခြစ်ကို ဖြုတ်လိုက်ပါ။
(Gtalk,Skype,ooVoo,Webcam,Y-Meessenger,FB Messenger,VZO,Camfrog,miRC,Team Viewer,ICQ,..
စတဲ့ Chatting Softwares များ အပါအဝင်ဖြစ်ပါတယ်။)
ပြီးသွားရင် စက်ကို Restart ချလိုက်ပါ။
Windows ပြန်တက်လာတဲ့အခါ Startup Time ကအရင်ကထက် လေးငါးဆ မြန်လာတာကိုတွေ့ရပါလိမ့်မယ်။
သူငယ်ချင်း မိတ်ဆွေများ အားလုံး အဆင်ပြေကြပါစေ.....။

0 comments:

Post a Comment