မိမိစက်မှာဒေါင်းလုပ်ယူပြီးသား Windows ISO မရှိရင်ဘဲဖြစ်ဖြစ်၊ဒါမှမဟုတ်
Windows 8.1 ကို Microsoft ကနေတိုက်ရိုက် ဒေါင်းလုပ်ယူချင်ရင်ဘဲ ဖြစ်
ဖြစ် ဆော့ဝဲသေးသေးလေးတခုထဲနဲ့ ဒေါင်းလုပ်ယူ၊USB Driveမှာ Bootable
Imageအဖြစ် တခါထဲBurn လုပ်နိုင်တဲ့ နည်းလေးပါ။
ဒီနည်းလေးက Microsoft ကနေ Windows User များအတွက်လမ်းညွှန်ပေး
ထားတဲ့နည်းလမ်းတခုပါ။
တခုတော့ပြောပါရစေ..ဒီနည်းလမ်းကိုသုံးမယ်ဆိုရင်တော့ ကိုယ်သုံးနေတဲ့..
အင်တာနက်ကအနိမ့်ဆုံး 7-Mb(Download Speed-1024 Kb/sec) နှင့်
အထက်ရှိဘို့လိုအပ်ပါတယ်။
မြန်မာပြည် အင်တာနက်နဲ့တော့ အဆင်မပြေနိုင်ပါ။
မသိသေးများ သိစေရန်နဲ့ အင်တာနက်လိုင်းကောင်းသူများ လက်တွေ့စမ်း
သပ်ကြည့်နိုင်ရန် ဒီနည်းလမ်းလေးကို တင်ပေးလိုက်ပါတယ်။
ကဲ..စလိုက်ကြရအောင်...။
ပထမဦးဆုံး Microsoft ကထုတ်တဲ့ Creation Tool လို့ခေါ်တဲ့ အောက်ကဆော့ဝဲ
လေးကိုအရင် ဒေါင်းလုပ်ယူလိုက်ပါ။Password မသုံးထားပါ။Microsoft က Link
အတိုင်းပြန်တင်ထားပေးပါတယ်။ဖိုင်ဆိုဒ်က 1.26 Mb ဘဲရှိပါတယ်။
Creation Tool
ဆော့ဝဲကိုဒေါင်းပြီးရင် မိမိ အသုံးပြုမဲ့(Bootable Image ) အဖြစ် burn မဲ့ USB
Flash Drive ကိုစက်မှာ အရင်တပ်ထားပါ။
(၁)ဒေါင်းလုပ်ယူပြီး creationtool.exe ပေါ်ညာကလစ်ထောက်ပြီး Run as
Administrator ဖြင့် run ပါ။
(၂)အောက်ပုံမှာတွေ့ရတဲ့အတိုင်း creationtool ရဲ့ Language မှာမျှားခေါင်းကို
ကလစ်ပြီး English-en-us ကိုရွေးပေးပါ။
(၃)ကိုယ်ဒေါင်းလုပ်ယူလိုတဲ့ Windows 8.1 ရဲ့ Edition ကိုရွေးပေးပါ။ကျွန်တော်က
တော့ Windows 8.1 Pro ကိုရွေးလိုက်ပါတယ်။
(၄)Architecture(System Type) 32 bit(x86) or 64 bit(x64) ကိုရွေးပေးပါ။
(၅)မိမိ Bootable Image အဖြစ် Burn လုပ်မဲ့ USB flash drive ကို tick ပေးပြီး
ဟုတ်၊မဟုတ် စစ်ဆေးပါ။
(၆)Next ကိုကလစ်ပါ။
(၇)မိမိတပ်ထားတဲ့ USB falsh drive ရဲ့ နာမည်ကို Removale drives အနေဖြင့်
ဖေါ်ပြပေးပါလိမ့်မယ်။Next ကိုကလစ်ပါ။
(၈)ဒီ USB flash drive ကို delete လုပ်ရမယ်ဆိုတဲ့ ဘောက်ပေါ်လာပါမယ်။
ok ကိုကလစ်ပေးပါ။စတင် Delete လုပ်ပါမယ်.ခဏစောင့်ပါ။
(၉)Delete ပြီးတာနဲ့ အောက်ကပုံအတိုင်း Windows 8.1 ကို Downloading
installation file ဆိုပြီး စတင်ဒေါင်းလုပ်ပေးပါမယ်။ဒီအဆင့်ကအနဲဆုံးမိနစ်(၂၀)
မှ နာရီဝက်အထိကြာနိုင်ပါတယ်။100% ပြည့်တဲ့အထိစောင့်ပါ။
(၁ဝ)ဒေါင်းလုပ်ပြီးသွားရင်Getting files ready ဆိုပြီး ၁ဝဝ% အထိ အလုပ်လုပ်
ပါမယ်။
(၁၁)Getting files raedy ပြီးရင် Creating the USB flash drive စာတန်းနဲ့
USB မှာ Bootable Image အဖြစ် စတင် Creat လုပ်ပေးပါမယ်။
(၁၂)Creating ပြီးရင် Finish ကိုကလစ်ပါ။
(၁၃)File Explorer ကိုဖွင့်ပြီးကြည့်ရင် Windows Icon နဲ့ USB ကိုတွေ့ရမှာပါ။
(၁၄)သေချာအောင် USB drive ကို Double click နှိပ်ပြီးကြည့်လိုက်ရင် ဖိုင်အားလုံး
ပြည့်စုံတာကိုတွေ့ရပါမယ်။
အခုဆိုရင် ဆော့ဝဲတခုထဲနဲ့ Windows 8.1 ကိုဒေါင်းလုပ်၊USB မှာ burn(creat) လုပ်
ပြီးသွားပါပြီ။
ကဲ....ဝင်းဒိုးတင်ကြရအောင်...။(CBox ကနေမကြာခဏတောင်းဆိုနေတဲ့ မေခမ်း လဲ
ကျေနပ်မယ်ထင်ပါတယ်။)။အတိုချုပ်ဘဲရေးထားတာပါ။
(က)USB ကိုစက်မှာတပ်ထားပါ။စက်ကို Power Off လုပ်လိုက်ပါ။
(ခ)စက်ကိုပြန်ဖွင့်ပြီးဖွင့်ဖွင့်ချင်း (မည်သည့် Logo မှ မတက်လာခင်)....
f9 or f11 or f12 Key တခုခုကိုရိုက်ပေးပါ။
(ဒီနေရာမှာ အထူးမှာချင်တာကတော့ Delete Key ကိုမဖြစ်မနေမှသာသုံးပါ။
Delete Key ကိုသုံးပြီး ဝင်းဒိုးတင်တဲ့အခါတင်ပြိး USB ကိုပြန်ဖြုတ်တာနဲ့ဝင်းဒိုး
မတက်လာတော့ဘဲ (Bootmgr is missing) ဆိုတဲ့ Error တက်တတ်ပါတယ်။)
--------
တက်လာတဲ့ Boot Manager မှာ USB ကိုရွေးပြီး Enter ရိုက်ပါ။
(ဂ)Language ကိုရွေးပြီး Next ကိုကလစ်ပါ။
(ဃ)Install Now ကိုကလစ်ပါ။
(င)Product Key တောင်းလာရင်အောက်က ကီးကိုထည့်ပါ။
XHQ8N-C3MCJ-RQXB6-WCHYG-C9WKB
(စ)Custom ကိုရွေးပါ။
(ဆ)Local Disk C:\ ကိုရွေးပြီး Drive Option(Advanced) ကိုကလစ်Format
ကိုကလစ်ပြီး format လုပ်ပါ။
(ဇ)I accept the license terms ကိုအမှန်ဖြစ်ပေးပါ။
(ည)ကျန်တာကတော့ Windows ကို DVD နဲ့တင်သလို လိုအပ်တာကိုကလစ်
ပေးရုံပါ။
0 comments:
Post a Comment